ကျွန်ုပ်တို့၏ သန္နိဋ္ဌာန်
WWF သည် ပွင့်လင်းပြီး ရိုးသားသော ဆက်သွယ်ရေးများသည် ခြွင်းချက်မဟုတ်ဘဲ မျှော်လင့်ချက်ဖြစ်သည့် Speak Up ယဉ်ကျေးမှုကို ကတိကဝတ်ပြုထားပါသည်။ ၎င်းသည် ကျွန်ုပ်တို့၏ လုပ်ဆောင်မှုမျးအတွက် လုပ်ကိုင်သော၊ အတူတကွလုပ်ကိုင်သော သို့မဟုတ် ထိခိုက်ခံရသော လူတိုင်းနှင့် သက်ဆိုင်ပါသည်။
ဝန်ထမ်းများအတွက် မူဝါဒများ သို့မဟုတ် စံနှုန်းများကို ချိုးဖောက်မှုများရှိသည်ဟု သင် ယုံကြည်သည့်အခါများတွင် သင်၏ကြီးကြပ်ရေးမှူး သို့မဟုတ် စီမံခန့်ခွဲရေးထံသို့ တင်ပြခြင်းတွင် သက်သောင့်သက်သာဖြစ်စေရန် ကျွန်ုပ်တို့ လိုလားပါသည်။။
မိတ်ဖက်များ သို့မဟုတ် ရပ်ရွာအဖွဲ့ဝင်များအတွက် WWF ၏ လုပ်ငန်းဆောင်တာများ၏ သက်ရောက်မှုများနှင့် ပတ်သက်၍ စိုးရိမ်မှုများ တင်ပြရန် ကျွန်ုပ်တို့က သင့်ကို တိုက်တွန်းပါသည်။ ကျွန်ုပ်တို့၏ အခြေခံမူများနှင့် ကာကွယ်မှုများဆိုင်ရာ ထုတ်ပြန်ချက်သည် ကျွန်ုပ်တို့၏ လုပ်ဆောင်ပုံနည်းလမ်းကို ဖော်ပြထားပါသည်။
EthicsPoint သည် လျှို့ဝှက်စွာနှင့် လိုအပ်ပါက အမည်မဖော်ပြဘဲ စိုးရိမ်မှုများကို တင်ပြနိုင်သည့် နည်းလမ်းများထဲမှ တစ်ခုဖြစ်သည်။
WWF သည် ကျွန်ုပ်တို့၏ အဖွဲ့အစည်းဆိုင်ရာ တန်ဖိုးများနှင့် အတွင်းပိုင်းလုပ်ငန်းစဉ်များနှင့်အညီ နားထောင် ပြီး သင့်လျော်စွာ တုံ့ပြန် ပါမည်။
စိုးရိမ်မှုများ တင်ပြသူများကို နောက်ဆုံးအခြေအနေများအား ကျွန်ုပ်တို့ သေချာစွာ အသိပေးပါမည်။